ခိုးသူသုံးယောက်
[တစ်ခါတုန်းက ရွာတစ်ရွာတွင် အထည်သည် ၁၀ ယောက် ရှိလေသည်။ သူတို့သည် မကြာခဏ ရွာမှထွက်ကာ အတူတကွ လှည့်လည် အထည် ရောင်းတတ်သည်။ တစ်နေ့သ၌ သူတို့သည် ရပ်ဝေးတွင် အထည် ရောင်းပြီးနောက် ငွေအိတ်များကို ထမ်းလျက် ပြန်လာကြရာ သူတို့ရွာ အနီးရှိ တောအုပ်သို့ ရောက်လာ ကြလေသည်။ ထိုတောအုပ်တွင် ခိုးသူကြီး သုံးယောက် တို့သည် ပုန်းခို၍ ခရီးသွားတို့ ထံမှ ရွှေ ငွေ ပစ္စည်းတို့ကို ဓားပြ လုယူလျက် ရှိသည်ကို သူတို့ မသိကြချေ။ သူတို့ တောအုပ် အလယ်သို့ ရောက်လျှင် ခိုးသူကြီး သုံးယောက်သည် ပုန်းခိုရာမှ ထွက်လာ၍ ဓားပြ ခြိမ်းခြောက်ကာ ပါသမျှ ရွှေ ငွေ ပစ္စည်း တို့ကို ထုတ်ပေးရန် တောင်းဆိုလေသည်။ အထည်သည်တို့မှာ လက်နက် တစ်စုံတစ်ရာမပါ။ ထို့ကြောင့် သူတို့က လူများစုပင် ဖြစ်သော်လည်း အရှုံး ပေးရကာ ပါသမျှ ငွေအိတ်များကို ခိုးသူတို့အား ပေးလိုက်ရလေ၏။ ခိုးသူတို့ကား ငွေအိတ်များကို ရရုံနှင့် မကျေနပ်ကြ။ အင်္ကျီ အဝတ်အစား များကိုပါ ချွတ်ယူပြီးလျှင် ဗြက်တစ်ထွာ အနံ တစ်တောင်မျှ ရှိသော နံငယ်ပိုင်းကို သာလျှင် တစ်ယောက် တစ်ထည် အရှက်လုံ ရုံဝတ်ရန် ပေးလေသည်။ လက်နက် တစ်စုံတစ်ရာ ပါမလာသော အထည်သည်များကို ခြိမ်းခြောက် လုယက်နိုင်သည့် အတွက် ခိုးသူတို့သည် သွေးကြီး မွေးကြီး ဖြစ်လာကြသည်။ သူတို့၏ ဓားလက်နက်များကို ကြောက်လန့်၍ ခိုက်ခိုက် တုန်နေသော အထည်သည်များ ရှေ့တွင် ခိုးသူတို့သည် ရှင်ဘုရင်ကြီးများ ပမာ ထိုင်ကြပြီးလျှင် အထည်သည်များကို သီချင်းဆို၍ ကပြရမည်ဟု ခိုင်းစေ ကြပြန်လေသည်။ အထည်သည် တို့လည်း ကံဆိုးလေခြင်း ဟု ညည်းညူ ကြလေသည်။ ပါသမျှ ပစ္စည်းကိုလည်း ပေးလိုက် ကြရပြီး၊ နံငယ် ပိုင်းကလေးသာ ကျန်တော့သည်။ ယခုတစ်ဖန် အဆိုအက ခိုင်းပြန်သည်။ သို့သော်လည်း အထည်သည် ၁ဝ ယောက်တွင် ခေါင်းဆောင်ဖြစ်သော လူသည် ပညာရှိလေသည်။ သူသည် ကြောက်ရွံ့၍ မေ့မေ့ လျော့လျော့ ငေးငေး မောမော မနေ။ သူတို့၏ အဖြစ်အပျက်ကို စဉ်းစား ဆင်ခြင်သည်။ သူတို့ ပစ္စည်းများကို ပေးလိုက်ရပြီ။ ယခု ဆိုရ ကရဦးမည်။ ခိုးသူများသည် ရှင်ဘုရင်ကြီးများ ပမာ ထိုင်နေကြသည်။ ဤအချက်များကို စဉ်းစား ဆင်ခြင်ရာတွင် ခိုးသူများသည် ဓားလက်နက်များကို မြေကြီး ပေါ်တွင် စုပုံထားသည်ကို သူ သတိ ပြုမိသည်။ ထိုအခါ သူသည် ခေါင်းဆောင်၍ လက်မြှောက်ကာ ကပြီးလျှင် သီချင်းမှာ “တို့အိတ်ထဲမှာ ငွေတစ်ဆယ် အထည်သည်မှာ ပိတ်သုံးအုပ် သည်။ တစ်အုပ် သုံးကျပ် ဝယ်ပါလေ တစ်ကျပ် ကျန်ပါသေး။ တူ တေ နေ့တေး ဆာ နေ့ား” သူက ဆိုပြသောအခါ ကျန်သော အထည်သည် များက လိုက်၍ ဆိုကြ ပထမတွင် သီချင်း၏ အဓိပ္ပာယ်ကို သူတို့ နားမလည်ကြ။ သူတို့ ခေါင်းဆောင်သည် ကြောက်လန့်၍ ရူးသွားသောကြောင့် ဆိုမိ ဆိုရာကို ဆိုသည်ဟု ထင်ကြသည်။ သို့သော်လည်း သုံးကြိမ် လေးကြိမ်လောက် ဆိုမိကြသောအခါ အဓိပ္ပာယ် နားလည် လာကြသဖြင့် သူတို့ ၁ဝ ယောက် သည် သုံးယောက်စီ သုံးယောက်စီ အစုခွဲလိုက်ကြသည်။ ကရင်း ခုန်ရင်း သီချင်း ဆိုရင်းနှင့် အားပေးနေသော ခိုးသူသုံးဦးအနားသို့ ကပ်သွားကြသည်။ သူတို့၏ ခေါင်းဆောင်က “တူတေ နေ့တေး ဆာ နေ့တေး”ဟု ဆိုလျက် မျက်စ ပစ်လိုက်သည်နှင့် တစ်ပြိုင်နက် ခိုးသူ တစ်ယောက် တစ်ယောက်ကို သူတို့က သုံးယောက် သုံးယောက်စီ ဝိုင်းဖမ်းကာ ချုပ်လိုက် ကြလေတော့ သည်။ ထိုအခါ ခေါင်းဆောင် အထည်သည် ကြီးသည် ခြောက်တောင်လောက် ရှိသော စောင်ကြီးကို အလျားလိုက် သုံးခု ဆုတ်ကာ ခိုးသူများကို ဝက်တုပ် သကဲ့သို့ ခြေလက်တို့ကို နာနာကြီး တုပ်လိုက်လေသည်။ မလှုပ်နိုင်သော အခါ ဆန်အိတ်များ ပမာ မြေပေါ်တွင် လှိမ့်၍ တွန်းလိုက်သေးသည်။ ထို့နောက် အထည်သည် များသည် မိမိတို့၏ ပစ္စည်းများကို သိမ်းယူကာ ခိုးသူတို့၏ ဓားလက်နက် များကိုလည်း ကောက်ယူလျက် ရွာသို့ပြန်သွား ကြလေသည်။ အိမ်သူအိမ်သား မိတ်ဆွေများနှင့် တွေ့၍ စကားစပ်မိသော အခါ သူတို့သည် ခိုးသူများ အကြောင်းကို ပြောပြ၍ ရယ်ကြ မောကြလေ သတည်း။]
[Three thieves]
[Once upon a time there were 10 clothiers in a village. They often leave the village and travel together to sell cloth. One day, after selling cloth in the distance, they came back carrying bags of money and came to a forest near their village. Little did they know that three thieves were hiding in the forest and robbing travelers of gold and silver. When they reached the middle of the forest, three thieves came out of hiding and threatened to rob them and demanded that they hand over all their gold and silver. Cloth is not a weapon. Therefore, even though they were the majority, they had to give up and steal all the bags of money they had. The thieves were not satisfied with just getting the money bags. After taking off their clothes, they only gave each of them a small piece of cloth, which was about a cubit wide. Thieves became big-blooded because they could threaten and rob clothiers who did not have any weapons. Fearing their swords and weapons, the robbers sat down in front of the clothiers, who were trembling, and asked the clothiers to sing and dance. The clothiers also complained of bad luck. They also gave all the materials, Only a small child remains. Now, once again, I was asked to vote. However, the person who is the leader of the 10 people is wise. He was afraid, forgetful, relaxed and gazing and panting. Think about their story. They have to give their things. Now it will be said. The thieves are sitting like kings. As he pondered these points, he noticed that the thieves had piled the swords and weapons on the ground. Then he became the leader, raised his hands and danced, and sang, "There are ten pieces of cloth in your bag and three cloths. If you buy a set for three kyats, you still have one kyat left. When he sang, the rest of the cloth followed suit. At first, they did not understand the meaning of the song. They thought that the leader said what he said because he was scared and mad. However, when they said it three or four times, they understood the meaning, and the 10 of them divided into groups of three. They approached the three thieves who were dancing and singing and cheering. As soon as their leader threw his eyes and said, "Tute day, day day, day day," they surrounded one by one, three by three, and tied them up. Then the leader of the cloth, which was about six feet wide, tore a large blanket into three horizontal pieces and tied the thieves' limbs like a pig. When he couldn't move, he rolled the bags of rice on the ground and pushed him. After that, the clothiers took their belongings and went back to the village with the swords and weapons of the thieves. When he met his friends and family, they talked about the thieves and laughed and laughed.]
[]

Comments
Post a Comment