Posts

ခိုးသူသုံးယောက်

Image
 [တစ်ခါတုန်းက ရွာတစ်ရွာတွင် အထည်သည် ၁၀ ယောက် ရှိလေသည်။ သူတို့သည် မကြာခဏ ရွာမှထွက်ကာ အတူတကွ လှည့်လည် အထည် ရောင်းတတ်သည်။ တစ်နေ့သ၌ သူတို့သည် ရပ်ဝေးတွင် အထည် ရောင်းပြီးနောက် ငွေအိတ်များကို ထမ်းလျက် ပြန်လာကြရာ သူတို့ရွာ အနီးရှိ တောအုပ်သို့ ရောက်လာ ကြလေသည်။ ထိုတောအုပ်တွင် ခိုးသူကြီး သုံးယောက် တို့သည် ပုန်းခို၍ ခရီးသွားတို့ ထံမှ ရွှေ ငွေ ပစ္စည်းတို့ကို ဓားပြ လုယူလျက် ရှိသည်ကို သူတို့ မသိကြချေ။ သူတို့ တောအုပ် အလယ်သို့ ရောက်လျှင် ခိုးသူကြီး သုံးယောက်သည် ပုန်းခိုရာမှ ထွက်လာ၍ ဓားပြ ခြိမ်းခြောက်ကာ ပါသမျှ ရွှေ ငွေ ပစ္စည်း တို့ကို ထုတ်ပေးရန် တောင်းဆိုလေသည်။ အထည်သည်တို့မှာ လက်နက် တစ်စုံတစ်ရာမပါ။ ထို့ကြောင့် သူတို့က လူများစုပင် ဖြစ်သော်လည်း အရှုံး ပေးရကာ ပါသမျှ ငွေအိတ်များကို ခိုးသူတို့အား ပေးလိုက်ရလေ၏။ ခိုးသူတို့ကား ငွေအိတ်များကို ရရုံနှင့် မကျေနပ်ကြ။ အင်္ကျီ အဝတ်အစား များကိုပါ ချွတ်ယူပြီးလျှင် ဗြက်တစ်ထွာ အနံ တစ်တောင်မျှ ရှိသော နံငယ်ပိုင်းကို သာလျှင် တစ်ယောက် တစ်ထည် အရှက်လုံ ရုံဝတ်ရန် ပေးလေသည်။ လက်နက် တစ်စုံတစ်ရာ ပါမလာသော အထည်သည်များကို ခြိမ်းခြောက် လုယက်နိုင်သည့် အတွက် ခိုးသူတို့သည် သွေးကြီး မွေ...